Saturday, September 28, 2024


 Dayuan Tubewell Pump

တွေနဲ့ ပတ်သက်လို့
ရောင်းသူ၊ ဝယ်သူ၊ အသုံးပြုသူ အားလုံး
ဒါလေးတွေ သိထားရင် အကောင်းဆုံး

ဘာ့ကြောင့်လဲဆိုတော့
ကိုယ်သုံးလိုက်ရတဲ့ ငွေပမာဏနဲ့
ထိုက်တန်အောင်ပြန်အသုံးချနိုင်မှ
တွက်ချေကိုက်မယ်မဟုတ်လားဗျ။

အဓိကအားဖြင့် အုပ်စု (၃)မျိုး ပြပေးထားပါတယ်။
၃ လက်မ ပိုက်တွင်းသုံး
၃ လက်မခွဲ ပိုက်တွင်းသုံး
၄ လက်မ ပိုက်တွင်းသုံး

ဒီလိုရေမြှုပ်မော်တာတွေကို ရွေးကြတဲ့ အခါ
မော်တာအကောင်ရေတစ်ခုတည်းနဲ့ ရွေးလို့မရဘူးဆိုတာ
သိစေချင်လို့ပါ။

ရေပန့်ဝယ်တဲ့အခါ အကောင်ရေနဲ့ ပိုက်ထွက်
ဒီနှစ်မျိုးနဲ့တင် ရွေးနေရတုန်းဆိုရင် ဒါလေးဖတ်သွားပါခင်ဗျ။

သက်ဆိုင်ရာပုံလေးတွေလည်းကြည့်သွားပါ။
ရေမြှုပ်မော်တာ အမျိုးအစားနဲ့ အရွယ်အစားရွေးကြတဲ့အခါ
သတိထားစရာလေးတွေ မျှဝေပေးလိုက်ပါတယ်။
ကျွန်တော်တို့ ကျင်းလုံမြန်မာက
မြန်မာပြည်တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် တင်သွင်းဖြန့်ဖြူးထားတဲ့
ဒါယွမ်းအမှတ်တံဆိပ်နဲ့ ပတ်သက်ပြီး အဓိကပြောသွားပါမယ်။

မော်တာကွိုင်နဲ့ပတ်သက်ပြီးတော့လည်း တစ်နှစ်အာမခံပေးထားပါတယ်။
ဒါယွမ်းအမှတ်တံဆိပ် ပိုက်တွင်းသုံး ရေမြှုပ်မော်တာ စီးရီးအမျိုးမျိုး၊ အရွယ်အမျိုးမျိုးရှိပါတယ်။
ကိုယ့်ရဲ့ရေတွင်းအခြေအနေ၊ တနာရီမှာ ထွက်ချင်တဲ့ရေပမာဏ၊
ကိုယ်သုံးမယ့်ငွေပမာဏစတာတွေနဲ့ ကိုက်ညီပြီး
စရိတ်သက်သက်သာသာနဲ့ အလုပ်ဖြစ်ဖို့အရေးကြီးပါတယ်။

အရင်ဆုံးမှာချင်တာက ပိုက်တွင်းတွေတူးရင်
လောဘကြီးပြီး 13.5 အမျိုးအစားပိုက်အထူမသုံးမိဖို့လိုတယ်။
ပိုက်သမားတွေဆဲတော့မယ်....
ပန့်ဝယ်တဲ့အခါ ရွေးချယ်စရာနယ်ပယ်ကျဉ်းမှာစိုးလို့ပြောတာပါ။
"မရဘူးဟေ့...ငါတို့က ပိုက်အထူမှကြိုက်တာကွ" ဆိုလည်း နောင်ကြီးတို့သဘောပါ။
ကမ္ဘာ့မြေလွှာတွေရွေ့တဲ့အခါ၊ ငလျင်ဒဏ်တွေခံရတဲ့အခါ ပိုက်ထူထူ ပါးပါး သက်သာမှာမဟုတ်ပါ။

ကဲ... ပန့်ရွေးကြစို့.....
ရောင်းတဲ့ဆိုင်ချည်းပဲအားကိုးလို့မရဘူး။
တွင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေလည်း ကိုယ့်ဘက်က မှန်ကန်နီးစပ်ဆုံးသိထားမှ
စရိတ်အနည်းဆုံးနဲ့ စွမ်းဆောင်ရည်အမြင့်ဆုံးဆိုတဲ့ အမျိုးအစားတစ်ခုကိုရွေးချယ်နိုင်မှာဖြစ်တယ်။

၁။ စုစုပေါင်းပိုက်ချထားတဲ့အနက်
၂။ ရေပြင်မြေပြင်အကွာအဝေး
၃။ ကိုယ့်မှာရှိတဲ့ လျှပ်စစ်မီးအခြေအနေ
၄။ ကိုယ့်တွင်းရဲ့ရေစိမ့်ထွက်အား
(တွင်းတူးပြီးစမှာလေမှုတ်ရင်းနဲ့ ချိန်ဆလို့ရမယ်)
၅။ တွန်းတင်လိုတဲ့ရေအမြင့်
၆။ တနာရီမှထွက်လိုတဲ့ရေပမာဏ
၇။ တွင်းရဲ့ သဲပါဝင်မှုနှုန်း
ဒီ (၇) ချက်ကတော့ ကြိုတွေးထားမှကို ရမယ့်သဘောပါခင်ဗျ။

ကြုံဖူးသလောက်
ဝယ်သူအတော်များများက မော်တာအားနဲ့ ပိုက်ထွက်ပဲအဓိကထားပြီး မေးကြတာများတယ်။
ဒီလိုတွင်းသုံးရေမြှုပ်မော်တာတွေမှာ မော်တာအားတူတိုင်း ရေထွက်ရေတက်တွေမတူဘူး။
ပိုက်တွင်းအချင်း တမျိုးစီမှာ မတူညီတဲ့ အုပ်စုအမျိုးမျိုးရှိတယ်။
ဒါ့ကြောင့် မော်တာအကောင်ရေတူပြီး
ပန့်အုပ်စုမတူရင် တန်းညှိပြီး ယှဉ်စဉ်းစားလို့မရဘူးဆိုတဲ့သဘောပေါ့ဗျာ။

အခုမိတ်ဆက်ထားတဲ့ 3Dm/ 3.5Dm/ 4Dm series နဲ့ပတ်သက်ပြီး
အုပ်စုတွေအမျိုးမျိုး ရှိတယ်။
မော်ဒယ်အရေးအသားနဲ့ အဓိပါယ်ဖွင့်ဆိုချက်တွေကို သက်ဆိုင်ရာပုံတွေမှာ ကြည့်ပါ။
စီးရီးနံပါတ်ကြီးလေရေထွက်ပမာဏများလေဖြစ်ပါတယ်။
ပန့်ရွေးတဲ့အခါ #ရေထွက်ပမာဏနဲ့ #အမြင့်တင်နိုင်အားက
#ပြောင်းပြန်အချိုးကျတယ်ဆိုတာလည်း မမေ့ဖို့လိုပါတယ်။

ပန့်ရဲ့ တံဆိပ်ပြားပါ ညွှန်းဆိုချက်အရ ကိုယ်လိုတဲ့ရေထွက်ပမာဏနဲ့ ကိုက်ညီနေပြီဆိုရင်
ပိုက်ထွက်လက်မအတွက် #တစ်ခွဲမှတို့ #နှစ်လက်မမှတို့ ထွေထူးစောဒက တက်နေစရာမလိုတော့ဘူးလေ။
စက်ရုံတွေက သူ့အိုး သူ့ဆန်ချိန်ဆတွက်ချက်ထားပြီးသားမို့ ပြောတာပါ။
ပန့်မူရင်းပါတဲ့ပိုက်က တစ်ခွဲဖြစ်နေလို့ ၂ လက်မခေါင်းပြောင်းပြီး လောဘကြီးတဲ့အခါ
မော်တာအမ်ပီယာတက်လာပြီး သက်တမ်းတိုမယ်။ ပိုက်ဖိုးလည်းစရိတ်ပိုကုန်မယ်။
ရေထွက်ပမာဏကလည်း ထုတ်လုပ်သူစက်ရုံရဲ့
တံဆိပ်ပြားပါတန်ဖိုးကျော်ပြီး ရွာကျော်ခဲပစ်ရချင်ရင် #ဆုသာတောင်းပါလေ

နောက်သုံးချက်ပြောဦးမယ်။
၁။ ပန့်အလုပ်လုပ်နိုင်တဲ့ခွင့်ပြုရေအပူချိန် (ဒါကတော့ မြေအောက်ရေမို့ ထွေထူးပြဿနာမရှိ)
၂။ ခွင့်ပြုသဲပါဝင်နှုန်း (0.15%)
၃။ ရေအောက်မြှုပ်ထားလို့ရတဲ့ အများဆုံးခွင့်ပြုအနက် (80m)
ဒီသုံးချက်ကို post ပါ ပုံတွေ မှာကြည့်ပါခင်ဗျ။
ရေမြှုပ်မော်တာဆိုတိုင်းရေအနက်ကို လိုချင်သလို မြှုပ်ထားလို့ရတာမျိုးတော့မဟုတ်။
ထုတ်လုပ်စဉ်ကတည်းက သူ့ဒီဇိုင်းနဲ့သူ သတ်မှတ်ပြီးမှ ထုတ်လုပ်ရတာမျိုးပါ။

ဒါ့ကြောင့် ရေငုပ်သင်္ဘောချင်းတူပေမယ့်
ရေအောက်ငုပ်နိုင်တဲ့အနက်တွေကွာကြတာသတိရပါ။
အထက်ပါအချက်တွေဟာ Dayuan အမှတ်တံဆိပ်
3Dm/ 3.5Dm/ 4Dm series နဲ့ပတ်သက်ပြီး မျှဝေခဲ့တာဖြစ်ပါတယ်။
သက်ဆိုင်ရာမော်ဒယ်အလိုက်ပုံတွေမှာ တနာရီရေထွက်ဂါလံနဲ့
တွန်းတင်အမြင့်ဖော်ပြချက်တွေကိုကြည့်ပြီး
မိမိတို့ တွင်းအခြေအနေအလိုက် တွက်ခြေကိုက်စွာ ရွေးချယ်နိုင်ပါတယ်။

ကိုယ်လိုချင်တဲ့တန်ဖိုးတွေဟာ သက်ဆိုင်ရာဖော်ပြပါပုံမှာပါတဲ့
အချက်အလက်တွေထက်ကြီးနေရင်
ဒီပန့်တွေဟာ မိတ်ဆွေအတွက်မဟုတ်ပါဘူး။ ဒါကိုသတိချပ်ပါ။
တနာရီရေထွက်ဂါလံနဲ့ တွန်းတင်အမြင့် ဒီနှစ်ချက်ကိုကိုင်ပြီးရွေးချယ်ကြည့်ပါ။
နှစ်ချက်စလုံးကိုင်ရွေးလို့မော်ဒယ်အစုံမှာမမိသေးရင် လျော့လို့ရတဲ့ တစ်ချက်လျော့ပြီးစဉ်းစားပါ။
အမြင့်တင်အားလျော့မလား၊ ရေထွက်လျော့ယူမလား ကိုယ်သာအသိဆုံးပါ။

ပိုက်တွင်းသုံးရေမြှုပ်မော်တာနဲ့ပတ်သက်လို့ ဘော်ဒါတွေ အဆင်ပြေကြပါစေ။
ဒါယွမ်းရေပန့်တွေနဲ့ပတ်သက်လို့ အဆင်မပြေတာတွေရှိရင် မြန်မာပြည်အတွင်း
ဘယ်ဆိုင်ကဝယ်ထားသည်ဖြစ်စေ ကျင်းလုံမြန်မာဆီကို အချိန်မရွေးဆက်သွယ်နိုင်ပါတယ်ခင်ဗျ။

အသုံးပြုလိုတဲ့ မိတ်ဆွေတွေ
တဆင့်ပြန်လည်ဖြန့်ဖြူးလိုတဲ့ မိတ်ဆွေတွေ အနေနဲ့
အောက်ကဖုန်းနံပါတ်တွေမှာ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျ။
#GDMM #Online_Sale
09-5310976
09-972059977
09-765635191
09-765635192
09-765635193
09-765635194
09-765635195
09-765635196
09-765635197
09-765635198

#ကျင်းလုံမြန်မာ_မန္တလေး
82လမ်းအရောင်းပြခန်း
အမှတ်(493)
82 လမ်း၊ 35&36 လမ်းကြား
မန္တလေးမြို့။
09-692059977
09-444636610
09-444636609
09-444636607
09-444635304
09-444635305
09-444635306
09-402625348
09-444588691
09-441017021

ကျင်းလုံမြန်မာ
Machine Mart-Mandalay
74 လမ်းနှင့် မြို့မဒင်္ဂါးလမ်းထောင့်
တံခွန်တိုင်အဝိုင်းပတ်အနီး
ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးမြို့။
09-952000801
09-952000802
09-952000803
09-952000804
09-952000805
09-962067395
09-962067396
09-962067397
09-962067398
09-962067399

#ကျင်းလုံမြန်မာ_ရန်ကုန်
အမှတ်(35&36)
သီရိမွန်လမ်းမကြီးနှင့် ၈ လမ်းထောင့်
ဘုရင့်နောင်၊ ရန်ကုန်မြို့။
01-3681089
09-73047618
09-73047619

#ကျင်းလုံမြန်မာ
Machine Mart-Yangon
အမှတ်-၁/(ခ)
ရန်ကုန်-ပုသိမ်လမ်းမကြီးနှင့် ကျန်စစ်သားလမ်းထောင့်၊
စက်မှုဇုံ(၃)၊ လှိုင်သာယာမြို့နယ်၊
ရန်ကုန်မြို့။
01-3588514
09-425331433
09-425331434

Thanks For Your Time!!!
#စက်ပစ္စည်းနဲ့ပတ်သက်ရင်
#မဝယ်ခင်တခေါက်အရောက်သွားသင့်တဲ့နေရာ_ကျင်းလုံမြန်မာ
#Our_Passion_Your_Convenience
Inquiry@ 09-972059977
#စက်ပစ္စည်းနဲ့ပတ်သက်ရင်တနေရာတည်းမှာအစုံရနိုင်တဲ့နေရာ_ကျင်းလုံမြန်မာ
#ကျင်းလုံမြန်မာ
#DAYUAN
#ဒါယွမ်း
#tubewell_pump
#ရေမြှုပ်မော်တာ
#ရေမြှုပ်ပန့်
#ဒုံးကျဉ်ပန့်
#gdmmknowledge