ကျွန်တော်တို့  ကျင်းလုံမြန်မာ ကတင်သွင်းဖြန့် ဖြူးထားတဲ့  ရေဆေးပန့် များ(high pressure cleaner) ဖြစ်ပါတယ်။မီးအားအစားသက်သာစေဖို့ ဆိုတဲ့ ထောင့်ကရွေးမလား။သယ်ယူရလွယ်ကူစေဖို့ ဆိုတဲ့  ထောင့်ကရွေးမလား။
ဖွဲ့ စည်းတည်ဆောက်ပုံရိုးရှင်းတာကြိုက်တယ်ဆိုတဲ့  ထောင့်ကနေရွေးမလား။ မိတ်ဆွေတို့ အဆင်ပြေတဲ့  ထောင့်ကနေရွေးလို့ ရပါတယ်။ယခုမိတ်ဆက်ထားတဲ့  ရေဆေးပန့် တွေ ဟာ ပလန်ချာ(plunger) နဲ့ ရေကို တွန်းပြီးဖိအားမြင့်စေတဲ့  နည်းစနစ်ကို အသုံးပြုထားတာဖြစ်ပါတယ်။ဒီ ပလန်ချာ(plunger)တွေ ရှေ့ တိုးနောက်ငင် ရွေ့လျားအောင် မော်တာ(capacitor-type or carbon-type) သို့ မဟုတ် အင်ဂျင်လည်ပတ်အား တခုခု ကို အသုံးပြုထားတာဖြစ်ပါတယ်။ကျွန်တော်တို့ ကျင်းလုံမြန်မာက တင်သွင်းထားတဲ့  ရေဆေးပန့် တွေ အားလုံးမှာ ပလန်ချာ သုံးလုံးနဲ့  ရေတွန်းစနစ်ကို အသုံးပြုထားပါတယ်။ဒါကြောင့်ရေပြင်းအား ပိုပါတယ်။ဒါ့အပြင် auto-stop စနစ်လည်းပါဝင်ပါတယ်။ဘယ်လိုအလုပ်လုပ်သလဲဆိုတော့  ပန့် ကိုမောင်းထားရင် ရေပြင်းအား(pressure)ဟာ တဖြည်းဖြည်းနဲ့ များလာမှာဖြစ်ပါတယ်။ဒီရေတွေဟာ လက်ကိုင် နော်ဇယ်ဂန်း ကနေ အပြင်ကို ဖိအားပြင်းပြင်းနဲ့ ထွက်နေရမှာဖြစ်ပါတယ်။အကယ်၍ ဖိအားမြင့်ရေတွေဟာ ထွက်ပိုက်၊နော်ဇယ်ဂန်းကနေ အပြင်ကို ထွက်ခွင့်မရဘူးဆိုရင် ပိုက်ထဲမှာ ဖိအားလွန်မင်းစွာ ပြင်းလာမှာ ဖြစ်ပါတယ်။နောက်ပြီးရင် မော်တာ လျှပ်စီးကြောင်းများလာပြီး လောင်ကြွမ်းပျက်စီးသွားမှာသေချာသလောက်ရှိပါတယ်။ဒါ့ ကြောင့်မော်တာ အလိုအလျောက်ရပ်စေဖို့ (auto-stop) စနစ်တခု ထည့်ထားပါတယ်။ဟုတ်ပြီ ရပ်မယ်ဆိုတော့  ဘယ်အနေအထားမှာ ရပ်အောင်လုပ်မလဲ။ဟုတ်ကဲ့ ရှင်းပါမယ်။ရေထွက်ပိုက်ရဲ့ အများဆုံးခံနိုင်ဖိအား ထက်မကျော်စေတဲ့ အနေအထား၊ဖွဲ့ စည်းထားတဲ့ မော်တာရဲ့  အများဆုံး ခံနိုင်တဲ့ လျှပ်စီးကြောင်း(ampere) ထက်မကျော်စေတဲ့  အနေအထား ဒီအနေအထားမှာ ရပ်အောင်စီစဉ် ဖို့ ဆိုတဲ့ အဖြေပါပဲ။ပန့် အုံရဲ့ ထိပ်မှာ ဒီရေပြင်းအားကို အာရုံခံနိုင်တဲ့  pressure relay switch တစ်ခုတပ်ဆင်ထားပြီး မော်တာနဲ့  series connection အနေအထားမှာ ဆက်သွယ် အလုပ်လုပ်စေတာဖြစ်ပါတယ်။နောက်ပြီးတော့  မော်တာ ကို မီးအားဆောင့်တက်ခြင်း၊မနိုင်ဝန်ဖြစ်ခြင်းမှ ကာကွယ်ရန် အတွက်လည်း circuit breaker တစ်ခုကိုလည်း တပ်ဆင်ထားပါသေးတယ်။လူထိတွေ့ ကိုင်တွယ်တဲ့  အစိတ်အပိုင်းနေရာတွေကို ဓာတ်မလိုက်စေရန် အတွက် ပလတ်စတစ် ကာဗာများနဲ့ ဖုံးအုပ်ထားပါတယ်။ရေပြင်းအားအနေအထား (သို့ မဟုတ်) ရေလုံးအစုအကျဲ ကိုလည်း လက်ကိုင်ဂန်းမှ လွယ်ကူစွာ ပြောင်းလဲ အသုံး ပြုနိုင်ပါတယ်။ရေသုံးဖို့ မလိုတဲ့ အချိန်မှာ auto ရပ်နေတဲ့ အတွက် ရေကုန်သက်သာစေပါတယ်။
၂၀ လီတာရေပုံး တစ်ပုံးလောက်နဲ့  ဆိုင်ကယ်တစီးစာ ကို သေသေချာချာပြောင်အောင်ကိုဆေးကြောလို့ ရပါတယ်။ဒီပန့် တွေအပေါ်မှာ နောက်ဆုံး သုံးသပ်လို့ ရတာကတော့ 
sensitive auto-stop function
easy to carry
simple to operate
reasonable price
strong performance
စတဲ့ အချက်များပဲဖြစ်ပါတယ်။
မိတ်ဆွေတို့ အနေနဲ့ ကတော့  မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခုကို ကျွန်တော်တို့  ကျင်းလုံမြန်မာမှာ လာရောက်အကောင်အထည်ဖော် ဖို့ ပဲဖြစ်ပါတယ်ဆိုတဲ့ အကြောင်းသတင်းကောင်းပါးလိုက်ရပါတယ်။
Thanks for your precious time on our page.
ကျင်းလုံမြန်မာ