Friday, August 9, 2013
ကျွန်တော်တို့  ကျင်းလုံမြန်မာ ကတင်သွင်းဖြန့် ဖြူးထားတဲ့  ရေဆေးပန့် များ(high pressure cleaner) ဖြစ်ပါတယ်။မီးအားအစားသက်သာစေဖို့ ဆိုတဲ့ ထောင့်ကရွေးမလား။သယ်ယူရလွယ်ကူစေဖို့ ဆိုတဲ့  ထောင့်ကရွေးမလား။
ဖွဲ့ စည်းတည်ဆောက်ပုံရိုးရှင်းတာကြိုက်တယ်ဆိုတဲ့  ထောင့်ကနေရွေးမလား။ မိတ်ဆွေတို့ အဆင်ပြေတဲ့  ထောင့်ကနေရွေးလို့ ရပါတယ်။ယခုမိတ်ဆက်ထားတဲ့  ရေဆေးပန့် တွေ ဟာ ပလန်ချာ(plunger) နဲ့ ရေကို တွန်းပြီးဖိအားမြင့်စေတဲ့  နည်းစနစ်ကို အသုံးပြုထားတာဖြစ်ပါတယ်။ဒီ ပလန်ချာ(plunger)တွေ ရှေ့ တိုးနောက်ငင် ရွေ့လျားအောင် မော်တာ(capacitor-type or carbon-type) သို့ မဟုတ် အင်ဂျင်လည်ပတ်အား တခုခု ကို အသုံးပြုထားတာဖြစ်ပါတယ်။ကျွန်တော်တို့ ကျင်းလုံမြန်မာက တင်သွင်းထားတဲ့  ရေဆေးပန့် တွေ အားလုံးမှာ ပလန်ချာ သုံးလုံးနဲ့  ရေတွန်းစနစ်ကို အသုံးပြုထားပါတယ်။ဒါကြောင့်ရေပြင်းအား ပိုပါတယ်။ဒါ့အပြင် auto-stop စနစ်လည်းပါဝင်ပါတယ်။ဘယ်လိုအလုပ်လုပ်သလဲဆိုတော့  ပန့် ကိုမောင်းထားရင် ရေပြင်းအား(pressure)ဟာ တဖြည်းဖြည်းနဲ့ များလာမှာဖြစ်ပါတယ်။ဒီရေတွေဟာ လက်ကိုင် နော်ဇယ်ဂန်း ကနေ အပြင်ကို ဖိအားပြင်းပြင်းနဲ့ ထွက်နေရမှာဖြစ်ပါတယ်။အကယ်၍ ဖိအားမြင့်ရေတွေဟာ ထွက်ပိုက်၊နော်ဇယ်ဂန်းကနေ အပြင်ကို ထွက်ခွင့်မရဘူးဆိုရင် ပိုက်ထဲမှာ ဖိအားလွန်မင်းစွာ ပြင်းလာမှာ ဖြစ်ပါတယ်။နောက်ပြီးရင် မော်တာ လျှပ်စီးကြောင်းများလာပြီး လောင်ကြွမ်းပျက်စီးသွားမှာသေချာသလောက်ရှိပါတယ်။ဒါ့ ကြောင့်မော်တာ အလိုအလျောက်ရပ်စေဖို့ (auto-stop) စနစ်တခု ထည့်ထားပါတယ်။ဟုတ်ပြီ ရပ်မယ်ဆိုတော့  ဘယ်အနေအထားမှာ ရပ်အောင်လုပ်မလဲ။ဟုတ်ကဲ့ ရှင်းပါမယ်။ရေထွက်ပိုက်ရဲ့ အများဆုံးခံနိုင်ဖိအား ထက်မကျော်စေတဲ့ အနေအထား၊ဖွဲ့ စည်းထားတဲ့ မော်တာရဲ့  အများဆုံး ခံနိုင်တဲ့ လျှပ်စီးကြောင်း(ampere) ထက်မကျော်စေတဲ့  အနေအထား ဒီအနေအထားမှာ ရပ်အောင်စီစဉ် ဖို့ ဆိုတဲ့ အဖြေပါပဲ။ပန့် အုံရဲ့ ထိပ်မှာ ဒီရေပြင်းအားကို အာရုံခံနိုင်တဲ့  pressure relay switch တစ်ခုတပ်ဆင်ထားပြီး မော်တာနဲ့  series connection အနေအထားမှာ ဆက်သွယ် အလုပ်လုပ်စေတာဖြစ်ပါတယ်။နောက်ပြီးတော့  မော်တာ ကို မီးအားဆောင့်တက်ခြင်း၊မနိုင်ဝန်ဖြစ်ခြင်းမှ ကာကွယ်ရန် အတွက်လည်း circuit breaker တစ်ခုကိုလည်း တပ်ဆင်ထားပါသေးတယ်။လူထိတွေ့ ကိုင်တွယ်တဲ့  အစိတ်အပိုင်းနေရာတွေကို ဓာတ်မလိုက်စေရန် အတွက် ပလတ်စတစ် ကာဗာများနဲ့ ဖုံးအုပ်ထားပါတယ်။ရေပြင်းအားအနေအထား (သို့ မဟုတ်) ရေလုံးအစုအကျဲ ကိုလည်း လက်ကိုင်ဂန်းမှ လွယ်ကူစွာ ပြောင်းလဲ အသုံး ပြုနိုင်ပါတယ်။ရေသုံးဖို့ မလိုတဲ့ အချိန်မှာ auto ရပ်နေတဲ့ အတွက် ရေကုန်သက်သာစေပါတယ်။
၂၀ လီတာရေပုံး တစ်ပုံးလောက်နဲ့  ဆိုင်ကယ်တစီးစာ ကို သေသေချာချာပြောင်အောင်ကိုဆေးကြောလို့ ရပါတယ်။ဒီပန့် တွေအပေါ်မှာ နောက်ဆုံး သုံးသပ်လို့ ရတာကတော့ 
sensitive auto-stop function
easy to carry
simple to operate
reasonable price
strong performance
စတဲ့ အချက်များပဲဖြစ်ပါတယ်။
မိတ်ဆွေတို့ အနေနဲ့ ကတော့  မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခုကို ကျွန်တော်တို့  ကျင်းလုံမြန်မာမှာ လာရောက်အကောင်အထည်ဖော် ဖို့ ပဲဖြစ်ပါတယ်ဆိုတဲ့ အကြောင်းသတင်းကောင်းပါးလိုက်ရပါတယ်။
Thanks for your precious time on our page.
                                                               ကျင်းလုံမြန်မာ
Wednesday, July 31, 2013
the earth journal စာမျက်နှာ (၃)၊ အပေါ်ပိုင်းတစ်ဝက် မှာပါတဲ့  ကြော်ငြာ ဖြစ်ပါတယ်။
သက်ဆိုင်ရာရွှေ မုဆိုး များအတွက် သတင်းကောင်းပေးလိုက် ရပါသည်ခင်ဗျား။
Saturday, July 20, 2013
စက်မှုလုပ်ငန်းသုံး စက်ပစ္စည်းများဖြစ်ပါတယ်။အပေါက်ဖောက်မလား။အရစ်ချမလား။အမြှောင်းဖော်မလား။
မျက်နှာပြင်သ မလား။အဆင်ပြေသလို သုံးလို့ ရပါတယ်။ မော်တာအားလည်းသိပ်မကြီးတဲ့  အတွက်
သုံးလို့ အဆင်ပြေမယ့် အနေအထားဖြစ်ပါတယ်။ ဗို့ အားကတော့  three phase (380~440 VAC)
ရှိရမှာပါ။တကယ့် ကွာလတီအမှန် ပစ္စည်းများဖြစ်ပါတယ်။WDM တံဆိပ် စက်မှုလုပ်ငန်းသုံး ပစ္စည်းများဖြစ်ပါတယ်။စိတ်ပါဝင်စားရင် ကျွန်တော်တို့  ကျင်းလုံမြန်မာ ဆိုင်မှာ လူကိုယ်တိုင် လာရောက်၍
သော်လည်းကောင်း၊ ဖုန်းဆက်၍သော်လည်းကောင်း မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျာ။
                                     Thanks for your precious time on our page !
Friday, July 19, 2013
  မိုးရာသီမှာ အများဆုံးပေါက်ပွားတတ်တဲ့  ခြင် တွေရဲ့ ရန်ကို ကာကွယ်ဖို့  နည်းလမ်းတော်တော်များများရှိပါတယ်။ skin lotion လိမ်းပြီးကာကွယ်မလားး။ရေ၀ပ်တတ်တဲ့  နေရာတွေ၊ခြင်အောင်းနိုင်တဲ့  နေရာတွေ ကို သန့် ရှင်းရေးလုပ်မလား။မိမိအိမ်မှာသုံးတဲ့  ရေနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကို ဖုံး၊သွန်၊စစ်၊လဲ လုပ်မလား။အဆင်ပြေရာ လုပ်လို့ ရပါတယ်။ဒါပေမယ့် စိုစွတ်ပြီးမှောင်မည်းနေတဲ့  နေရာတွေ ကျတော့ တခြားနည်းလမ်းတွေ လိုအပ်လာပါပြီ။ကျွန်တော်တို့  ခပ်ငယ်ငယ်တုန်းက ရပ်ကွက် ထဲကို မြို့ နယ်ကျန်းမာရေးဌာနက အသံတအားကျယ်တဲ့  ဘာမှန်းလည်းမသိတဲ့  ရှည်မျောမျော စက်ကြီးတစ်လုံးနဲ့  မီးခိုးတွေလာမှုတ်ပါတယ်။နောက်တော့ လူလားမြောက်တဲ့  အချိန်အထိ အဲ့ ဒီတစ်ကြိမ်ဟာ ပထမဆုံးနဲ့  နောက်ဆုံး အကြိမ်ပါပဲ။
အခုချိန်မှာ မြို့ ပြဒေသတွေဟာ တဖြည်းဖြည်းနဲ့  လူနေသိပ်ကိုထူထပ်လာပါပြီ။ဒါ့ကြောင့် ခြင်အန္တရာယ်ဟာ အကယ်ကို ပြဿနာ တခုပါ။မြန်မာပြည်မှာ ခြင် ကိုက်မခံရဘူးတဲ့ သူ တစ်ယောက်မှ ရှိမှာမဟုတ်ပါဘူး။
အဲ့ ဒီတော့ ခြင်ကိုနှိမ်နင်းဖို့  ပတ်ဝန်းကျင်သန့် ရှင်းဖို့ လိုပါတယ်။ထိရောက်တဲ့ နှိမ်နင်းနည်းတွေ လိုပါတယ်။ထိရောက်တဲ့ စက်ပစ္စည်းတွေ လိုပါတယ်။ထိရောက်တဲ့ ဆေးဝါးတွေလိုပါတယ်။အဲ့ ဒီထဲကမှ ထိရောက်တဲ့ စက်ကိုပြောပါမယ်။ကျွန်တော်တို့  ကျင်းလုံမြန်မာက တင်သွင်းတဲ့  ခြင်ဆေးဖျန်းစက်အကြောင်းပါ။ဈေးနှုန်းသင့်တင့်မျှတပါတယ်။သုံးစွဲရလွယ်ကူပါတယ်။
အသုံးပြုနည်းကိုလည်း ဆောင်ရန်ရှောင်ရန်နှင့်တကွ ဖြန့် ဝေပေးပါမယ်။စက်အပိုပစ္စည်း အစိပ်အပိုင်းတွေကိုလည်း တင်သွင်းဖြန့် ဖြူးပေးထားပါတယ်။မိမိကိုယ်ပိုင် အနေနဲ့ ပဲ အသုံးပြုမလား။လူမှုကူညီရေး အသင်းတွေကိုပဲ လှူမလား။အဆင်ပြေသလိုလုပ်လို့ ရပါတယ်။မိမိကိုယ်တိုင်နဲ့  မိမိပတ်ဝန်းကျင်အတွက် ခြင်အန္တရယ် ကင်းဝေးစေဖို့  6HYC-25 thermal fogger (ခြင်ဆေးဖျန်းစက်)ကို မိတ်ဆက်ပေးလိုက်ပါတယ်။
 Thanks for your precious time on our page !
ကျင်းလုံမြန်မာ
Thursday, July 18, 2013
Green Pumps For Green lives!
ကဲ မိတ်ဆွေ သင့်လုပ်ငန်းနဲ့  ကိုက်ညီ သင့်တော်တဲ့ အမျိုးအစားကိုရွေးချယ်ရုံပါပဲ။ ရေမော်တာတစ်လုံဟာ ရေတက်တယ်ဆိုရုံနဲ့ ပြီးမသွားစေချင်ပါဘူး။ပိုက်အရွယ်အစားဘယ်လောက်သုံးမလဲ။ ဗို့ အားကရောဘယ်လောက်လိုအပ်သလဲ။ အနက်စုပ်ကဘယလောက်အထိရနိုင်သလဲ။ ပျက်လို့ ပြင်တဲ့ အခါ အပိုပစ္စည်းကရောရှိရဲ့ လား။ သွယ်တန်းမယ့်ပိုက်လိုင်းတလျှောက် ပိုင်ကွေးကဘယ်နှစ်ခုအထိရှိမှာလဲ။ ကိုယ့်ကို ဆက်ဆံတဲ့  အရောင်းသမားကရော ဖော်ရွေပျူငှာ ယဉ်ကျေးရဲ့ လား။ ကိုယ့်ရဲ့  ရေလှောင်ကန် ထဲ ကိုရေပြည့်ဖို့  အချိန်ဘယ်လောက်ကုန်သလဲ ဆိုတာကိုလည်းထည့်စဉ်းစားရမှာဖြစ်ပါတယ်။ဘာပဲပြောပြောအချိန်ဟာငွေဆိုတာ ကို ကျွန်တော်တို့  ကျင်းလုံမြန်မာ ကကောင်းကောင်းသဘောပေါက် နားလည်ထားပါတယ်။ရောင်းဝယ်ဖောက်ကားနေတဲ့ ပစ္စည်းတိုင်းအတွက် အပိုပစ္စည်း ကိုလည်း သက်ဆိုင်ရာ ပစ္စည်းများအလိုက် တင်သွင်းဖြန့် ဖြူးပေးထားပါတယ်။
            စိတ်ပါဝင်စားရင် ပစ္စည်းအကြောင်း အသေးစိပ်ကို
                               ကျင်းလုံမြန်မာ
                                  စက်မှုလုပ်ငန်းသုံးပစ္စည်းရောင်းဝယ်ရေး  
                                  No.(493),82 လမ်း, 35x36 လမ်းကြား,မန္တလေးမြို့။
              မှာ လာရောက်လေ့လာနိုင်  ကြောင်းသတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ။
                          Thanks for your precious time on our page !
Sunday, June 23, 2013
ရေ (water) ကျွန်တော်တို့ နေ့ စဉ်ကင်းကွာလို့  မရတဲ့ အရာတစ်ခုပါ။တကိုယ်ရည်သန့် ရှင်းဖို့  ၊ တိုက်ချွတ်ဆေးကြောဖို့ ၊ သောက်သုံးဖို့  စသည်ဖြင့် အစုံပါ ပဲဗျာ။ ရေ ကတော့ ရေပါပဲ။ ဒါပေမယ့် ဒီရေကို ဘယ်နေရာမှာ အသုံးပြုမှာလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပြီး ရေ ရဲ့ အရည်အသွေးကို ထည့်စဉ်းစားဖို့ ၊စဉ်းစားမိ ဖို့ ပဲ အရေးကြီးတာပါ။တိုးတက်လာတဲ့     လူမှုအဖွဲ့ အစည်းထဲမှာေ၇အသုံးချရေး အစီအစဉ် (water application) ဟာလည်း ထည့်မစဉ်းစားပဲ နေလို့ မရတော့ တဲ့  အထိဖြစ်လာရပါပြီ။ စားသောက်ဆေးဝါးဆိုင်ရာလုပ်ငန်းတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ၊ ဇီဝဗေဒ ဆိုင်ရာလုပ်ငန်းတွေ၊ ဓာတုဗေဒဆိုင်ရာလုပ်ငန်းတွေ စသည်ဖြင့် အများကြီးပါဗျာ။     အသုံးချတဲ့ နေရာတွေ များလာတာနဲ့ အမျှ လုပ်ငန်း လိုအပ်ချက်တွေဟာလည်း တစ်နေရာနဲ့  တစ်နေရာ မတူနိုင်တော့ ပါဘူး။ဒီတော့ ရေ ကို အဆင့် တွေခွဲခြမ်းစိပ်ဖြာမှုတွေ လုပ်ရပါပြီ။ယနေ့ အချိန်အထိ ကမ္ဘာမှာ လက်ခံကျင့်သုံးနေတဲ့ 
စနစ်ကတော့  ရေ ရဲ့ ph level ကို တိုင်းတာခြင်းပဲ ဖြစ်ပါတယ်။
ပုံကိုကြည့်ရင် သိနိုင်ပါပြီ။ ဒီလိုတိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ ရေကိုလက်ဆွဲပုံးနဲ့ဲ အသုံးပြုနေလို့ ကတော့  ခရီးတွင်မှာ မဟုတ်တော့ ပါဘူး။စက်ပစ္စည်းတွေရဲ့  အကူအညီကို
မဖြစ်မနေယူကြရတော့ မှာပါ။ကျွန်တော်တို့  ဘယ်လိုေ၇ွးချယ်ကြမလဲ။ကိုယ့်ကို အကြံဥာဏ်တွေဝိုင်းပေးကြမယ့် ကိုယ့်ရဲ့ ပတ်ဝန်းကျင်က လူတွေကရော ဘယ်လိုလူတွေ
ဖြစ်ပါသလဲ။ကိုယ်ကငွေကြေးအတိုင်းအတာတစ်ခု စိုက်ထုတ်ပြီးဝယ်ရတော့ မှာလေ။
ကိုယ် အသုံးပြုမယ့်ရေပန့် ၊ရေမော်တာတစ်ခုကို မှန်ကန်စွာရွေးချယ်နိုင်ဖို့  အရေးကြီးပါတယ်။
ဈေးကွက်ထဲမှာလည်းပစ္စည်းအမျိုးအစား အတော်များများက သင့်ရဲ့ လိုအပ်ချက်ကိုဖြည့်ဖို့ အသင့်စောင့်နေကြမှာပါ။ အဓိက အချက်က သင်ဘယ်လိုရွေးမလဲ ဆိုတာပါပဲ။ကျွန်တော်တို့ 
ကျင်းလုံမြန်မာ က သင့်အတွက် အမြဲ ကူညီစဉ်းစားပေးဖို့ အသင့်ရှိပါတယ်။
၁။ဘယ်လိုရေအမျိုးအစားကို အသုံးပြုမှာလဲ။
၂။ရေ အနက်ဘယ်လောက်အထိ ကနေ စုပ်ယူလိုပါသလဲ။
၃။ရေ အမြင့် ဘယ်လောက်အထိ တွန်းတင်လိုပါသလဲ။
၎။ရေ ထွက်အားပမာဏ ဘယ်လောက်လိုချင်ပါသလဲ။
၅။ရေပိုက်အရွယ်အစား ဘယ်လောက်ကို အသုံးပြုချင်ပါသလဲ။
၆။ပစ္စည်းတည်ဆောက်ပုံ အရည်အသွေးဘယ်လိုရှိပါသလဲ။
၇။ရေရှည်အသုံးပြုနိုင်ဖို ဆောင်ရန်ရှောင်ရန် ဘာတွေရှိပါသလဲ။
၈။ပျက်စီးသွားရင် အစားထိုးပြုပြင်ဖို့  အပိုပစ္စည်းတွေရှိရဲ့ လား။
၉။ဈေးနှုန်းအနေအထားမှန်ကန် ထိုက်တန်ရဲ့ လား။
၁၀။ကိုယ့်ကို ပြောဆိုရှင်းပြတဲ့  အရောင်းစာရေးက စိတ်ရှည်သည်းခံပြီး စကားပြောဖော်ရွေ ယဉ်ကျေးရဲ့ လား။
ကျွန်တော်တို့  ကျင်းလုံမြန်မာက ဈေးဝယ်စိတ်တိုင်းကျ ဖြစ်စေဖို့  အစဉ်အမြဲ ကြိုးစားသွားမှာဖြစ်ပါတယ်။ရေပန့် အမျိုးအစားများ၏ အချက်အလက်များကိုလည်း ပုံနှင့်တကွ (post) တင်သွားမှာဖြစ်ပါတယ်။ လက်လီလက်ကား ဆက်သွယ်လိုသူများကို လည်း ကြိုဆိုပါတယ်။
Thanks for your precious time on our page.
ကျင်းလုံမြန်မာ
စက်မှုလုပ်ငန်းသုံးပစ္စည်းရောင်းဝယ်ရေး
Friday, June 14, 2013
ကျွန်တော်တို့  ကျင်းလုံမြန်မာ က မြန်မာနိုင်ငံကိုမိတ်ဆက်ထားတဲ့  အမှတ်တံဆိပ် ပစ္စည်းများဖြစ်ပါတယ်။
ဈေးနှုန်း နဲ့  အရည်အသွေးကို လည်းထိုက်တန်ညီမျှမှု ရှိစေရန် ကျွန်တော်တို့ ကျင်းလုံမြန်မာမှ အမြဲတစေ အာရုံစူးစိုက်ထားမှာ ဖြစ်ပါတယ်။ပေးဆပ်လိုက်ရတဲ့ တန်ဖိုးအပေါ်မှာ အမြင့်ဆုံး တန်ပြန် အသုံးချနိုင်တဲ့ ပစ္စည်းကို စားသုံးသူတွေ သဘောကျ နှစ်ခြိုက် ကြမယ်ဆိုတာကို ကျွန်တော်တို့  ကျင်းလုံမြန်မာ က ကောင်းကောင်းသဘောပေါက်ပါတယ်။ဒီထက်ပိုတဲ့  အနေနဲ့  တင်သွင်းဖြန့် ဖြူးထားတဲ့ ပစ္စည်းတွေရဲ့ စက်အပိုပစ္စည်းများကိုလည်း အလွယ်တကူရနိုင်အောင် စီစဉ်ဆောင်ရွက်ထားရှိပါတယ်။ဒီလိုဆောင်ရွက်တာဟာလည်း (after sale) ပစ္စည်းများ အတွက် ပံပိုးပေးထားခြင်းပဲဖြစ်ပါတယ်။နောင် မှာလည်း လုပ်ငန်းလိုအပ်ချက်အမျိုးမျိုးအတွက် သင့်တင့်လျောက်ပတ်သော စက်ပစ္စည်းများကို လေ့ လာတင်သွင်း ဖြန့် ဖြူးပေးသွားဦးမှာ မို့  လက်လီ၊လက်ကား ဆက်သွယ်လိုသူများအတွက် သတင်းကောင်းပေးလိုက်ရပါသည်ခင်ဗျား။
                                                                                                               ကျင်းလုံမြန်မာ