ကျွန်ုပ်တို့ ကျင်းလုံမြန်မာကုမ္ပဏီ အကြောင်း
၁၉၉၈ ခုနှစ်တွင်
ကျွန်ုပ်တို့ကျင်းလုံစက်ပစ္စည်းရောင်းဝယ်ရေးဆိုင်ကို ၁၉၉၈ခုနှစ်တွင် မန္တလေးမြို့၏ လမ်း(၃၀)နှင့်(၈၃)လမ်းထောင့် ဆိုင်ခန်းအငှားဖြင့် စက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းလောကအတွင်းသို့ ဝင်ရောက်ခဲ့ပါသည်။ ယခုအခါ ဤနေရာတွင် ဆိုင်မဖွင့်တော့ပါ။
၂၀၀၀ ခုနှစ်တွင်
မန္တလေးမြို့၏ (၈၃)လမ်း၊(၂၇)လမ်းနှင့်(၂၈)လမ်းကြားသို့ ပြောင်းရွေ့ကာ လက်လီ၊လက္ကားဖြန့်ဖြူးခဲ့ပြီး အထက်မြန်မာပြည်ဈေးကွက်သို့ ဝင်ရောက်ခဲ့ပါသည်။ ယခုအခါ ဤနေရာတွင် ဆိုင်မဖွင့်တော့ပါ။
၂၀၀၆ ခုနှစ်တွင်
ကျင်းလုံစက်ပစ္စည်းရောင်းဝယ်ရေးဆိုင်ကို မဟာဗန္ဓုလလမ်းနှင့် ကုန်ဈေးတန်းလမ်းထောင့်၊
ရန်ကုန်မြို့တွင် ဆိုင်ခန်းငှားအဖြင့် လက်လီ၊လက္ကားဖြန့်ဖြူးခဲ့ပြီး အောက်မြန်မာပြည်ဈေးကွက်တွင် နေရာတစ်ခုရရှိခဲ့ပါသည်။ ယခုအခါ ဤနေရာတွင် ဆိုင်မဖွင့်တော့ပါ။
၂၀၀၈ ခုနှစ်တွင်
ကိုယ်ပိုင်အခြေကျ နေရာတစ်ခုအဖြစ် ကျင်းလုံစက်ပစ္စည်းရောင်းဝယ်ရေးဆိုင်ကို အမှတ်(၄၉၃)၊(၈၂)လမ်း၊(၃၅)နှင့်(၃၆)လမ်းကြား၊
မန္တလေးမြို့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး လက်လီ၊လက္ကားဖြန့်ဖြူးခဲ့ပါသည်။
တင်သွင်းဖြန့်ဖြူးသော ကုန်ပစ္စည်းများနှင့်ပက်သတ်၍ မရောင်းခင်ကြိုတင်ပြင်ဆင်မှု၊ ရောင်းဆဲဝန်ဆောင်မှု၊ ရောင်းပြီးဝန်ဆောင်မှု၊ အမျိုးအမည်နှင့်ရွေးချယ်စရာစုံလင်မှု၊ဈေးနှုန်းနှင့်ကုန်ပစ္စည်းအရည်အသွေးထိုက်တန်မှန်ကန်မှု စသည်တို့ကို အထူးအာရုံစိုက်ခဲ့ပါသည်။ ဤနေရာတွင် ယခုအချိန်အထိ ဆိုင်ဖွင့်လှစ်ထားပါသည်။
၂၀၁၀ ခုနှစ်တွင်
ကိုယ်ပိုင်အခြေကျနေရာတစ်ခုအဖြစ် ကျင်းလုံစက်ပစ္စည်းအရောင်းဝယ်ရေးဆိုင်ကို အမှတ်(၃၅-၃၆)၊ သီရိမွန်လမ်းမကြီးနှင့်(၈)လမ်းထောင့်၊
သီရိမွန်ပလာဇာဝင်း၊ ဘုရင့်နောင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့တွင်ဖွင့်လှစ်ခဲ့ပါသည်။ ဤနေရာတွင် ယခုအချိန်အထိ ဆိုင်ဖွင့်လှစ်ထားပါသည်။
၂၀၁၂ ခုနှစ်တွင်
ကျင်းလုံမြန်မာ စက်ပစ္စည်းရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်(JINLONG MYANAMR MACHINERY TRADING CO.,lTD.) အဖြစ် မှတ်ပုံတင်ခဲ့ပါသည်။
တင်သွင်းဖြန့်ဖြူးထားသော ကုန်ပစ္စည်းများနှင့်ပတ်သက်၍ တာဝန်ယူမှု၊တာဝန်ခံမှု၊ အမျိုးအမည်နှင့် ရွေးချယ်စရာစုံလင်မှု၊ ဈေးနှုန်းနှင့် ကုန်ပစ္စည်းအရည်အသွေး
ထိုက်တန်မှန်ကန်မှု၊ အခြားလိုအပ်သော စက်ပစ္စည်းများအတွက် အသုံးပြုသူလိုအပ်ချက်အလိုက် အော်ဒါမှာယူပေးနိူင်မှု စသည်ဖြင့် စားသုံးသူလိုအပ်ချက်များကို
အဆင်ပြေဆုံးဖြစ်အောင် အထူးအလေးထားဆောင်ရွက်ပေးခဲ့ပါသည်။
၂၀၁၈ ခုနှစ်တွင်
ကျင်းလုံမြန်မာ Machine Mart စက်ပစ္စည်းအရောင်းပြခန်းတစ်ခုကို (၇၃)လမ်းနှင့်(၇၄)လမ်းကြား၊မြိုမဒင်္ဂါးလမ်းနှင့် မြို့မသစ်လွင်လမ်းကြား၊ တံခွန်တိုင်အဝိုင်းအနီး၊ ပြည်ကြီးတံခွန်မြို့နယ်၊
မန္တလေးမြို့တွင် ပထမဦးဆုံးနှင့် ပစ္စည်းအစုံလင်ဆုံး စက်ပစ္စည်းအရောင်းပြတစ်ခုကို အောင်မြင်စွာဖွင့်လှစ်နိူင်ခဲ့ပါသည်။ ဤနေရာတွင် ယခုအချိန်အထိ ဆိုင်ဖွင့်လှစ်ထားပါသည်။
၂၀၂၃ ခုနှစ်တွင်
ကျင်းလုံမြန်မာ Machine Mart စက်ပစ္စည်းအရောင်းပြခန်းတစ်ခုကို အမှတ်-၁/(ခ)၊ ရန်ကုန်-ပုသိမ်လမ်းမကြီးနှင့် ကျန်စစ်သားလမ်းထောင့်၊
စက်မှုဇုံ(၃)၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့တွင် အောင်မြင်စွာဖွင့်လှစ်နိူင်ခဲ့ပါသည်။ ဤနေရာတွင် ယခုအချိန်အထိ ဆိုင်ဖွင့်လှစ်ထားပါသည်။
လာမည့်နှစ်များအတွင်း လက်လီအရောင်းဆိုင်များ ထပ်မံတိုးချဲ့ ဖွင့်လှစ်ရန် ကြိုးစားလျှက်ရှိပါသည်။
Our Vision
စက်ပစ္စည်းနှင့်ပတ်သက်၍
1. ပစ္စည်းအရည်အသွေး
2. ပစ္စည်းရောင်းချသူများ
3. ပစ္စည်းအသုံးပြုသူများ
စဉ်ဆက်မပြတ်တိုးတက်နေသော လူမှုအဖွဲ့အစည်းတစ်ခုဖြစ်စေရမည်။
Our Mission
1. အသစ်အဆန်းဖြစ်သော
2. အသုံးပြုရလွယ်ကူသော
3. သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော
စက်ပစ္စည်းများဖြန့်ဖြူးရာတွင် ရှေ့တန်းပြေးကုမ္ပဏီတစ်ခုဖြစ်စေရမည်။
Our Core Value
1. နိုင်ငံ၏ အမှန်တကယ်လိုအပ်ချက်ဖြစ်သော စက်ပစ္စည်းများကို ရွေးချယ်တင်သွင်းဖြန့်ဖြူးရန်
2. လူငယ်မျိုးဆက်အား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန်
3. ဈေးနှုန်းနဲ့ အရည်အသွေး ထိုက်တန်မှန်ကန်တဲ့နေရာ ကျင်းလုံမြန်မာဖြစ်စေရန်
4. အသုံးပြုသူများအား မရောင်းခင်၊ ရောင်းဆဲနှင့် ရောင်းပြီးဝန်ဆောင်မှုများ အပြည့်အဝပေးရန်
5. ပြည်တွင်း SMEs လုပ်ငန်းများနှင့်ပူးပေါင်း၍ စက်မှုထုတ်ကုန်များဖန်တီးရန်
Our Service
1. စက်ပစ္စည်းမျိုးစုံကို တစ်နေရာတည်းတွင် လေ့လာနိုင်ရန် ဖြည့်ဆည်းထားခြင်း
2. ပစ္စည်းအကြောင်း ရှင်းလင်းပြသပေးခြင်း
3. တွက်ချက်အကြံပြုပေးခြင်း
4.လိုအပ်သော ပစ္စည်းများကို သီးသန့်အော်ဒါမှာယူပေးခြင်း
5.လက်တွေ့စမ်းသပ်စစ်ဆေးပေးခြင်း
6. သယ်ယူပို့ဆောင်ပေးခြင်း
7. ပြန်လည်ပြုပြင်စစ်ဆေးပေးခြင်း
8. အခြားပြင်ပ ပြုပြင်တပ်ဆင်ရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးခြင်း
စဉ်ဆက်မပြတ်အားပေးကြတဲ့ မိတ်ဟောင်းမိတ်သစ်များအား ကျေးဇူးအထူးတင်ရှိပါသည်။
ကျင်းလုံမြန်မာ
jinlongmyanmar
jinlong myanmar




